မကွေး၊ ဧပြီလ ၁၁ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်မှ
၁၁ နာရီခွဲခန့်ထိ မြိုင်ခေတ္တမြို့နယ်မှူး ဒုရဲမှူး တင်မြင့်၊ ဗဟင်းနယ်မြေရဲစခန်းမှူး
ရဲအုပ် ကျော်စွာဝင်း ဦးစီးတပ်ဖွဲ့ဝင်များသည် ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊
ရွာခွဲတာဝန်ခံ ဦးစိန်ဝင်းတို့နှင့်အတူ ချောင်းဆုံကျေးရွာ ရွာလယ်ဓမ္မာရုံ တွင် ကျေးရွာနေ
ရွာသူ/ရွာသားများအား မဟာသင်္ကြန်ကာလအတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်း ကျဆင်းရေးအတွက်
မှုခင်းအသိပညာပေးဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment