မကွေး၊ ဧပြီလ ၁၃ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ
မြို့နယ်အသီးသီးတို့တွင် ရဲတပ်ဖွဲ့ဝင်များမှ လမ်းလျှောက်သင်္ကြန်နေရာများ၊ ရေကစားမဏ္ဍပ်များ၊
လူစည်ကားရာနေရာ များတွင် မလိုအပ်သော ခိုက်ရန်ပြဿနာကြောင့် ထိခိုက်ဒဏ်ရာရခြင်းများ လျှော့ချနိုင်ရေး
အတွက် ပိတ်ဆို့စစ်ဆေးခြင်း၊ အန္တရာယ်ဖြစ်စေနိုင်သော တုတ်၊ ဓါး၊ လက်နက်များ၊ မာကြောသော
ဖန်ပုလင်းခွံ(အရက်ပုလင်း)များ ကိုင်ဆောင်သွားလာမှု မရှိစေရေး စစ်ဆေးခြင်း၊ အရက်ပုလင်းများ
ရေသန့်ဗူးခွံ၊ ပလပ်စတစ်အိတ် များနှင့် လဲလှယ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment