Wednesday, April 10, 2019


မကွေး၊ ဧပြီလ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် မြိုင်မြို့မရဲစခန်းမှ  ဒုရဲအုပ်  ဇော်မင်းထွေးနှင့် အဖွဲ့သည် တာဝန်ဆောင်ရွက်နေစဉ် ဆိတ်ဆင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှသန်းမှ ဖုန်းဆက် အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မြိုင်မြို့နယ်၊ အိုးပြွန်ကျေးရွာ လမ်းမတွင် အိုးပြွန်ကျေးရွာနေ နိုင်မင်း၊ ၂၉ နှစ်သည် အရက်သောက်စားမူးယစ်ပြီး အရိုးအသွား (၁)ပေခန့်ရှိ ၀ါးရိုးတပ် ဓါးဦးချွန်(၁)ချောင်းအား ကိုင်ဆောင်ရမ်းကားနေသည်ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် နိုင်မင်းအား မြိုင်မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၆၉/၂၀၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video