Friday, April 12, 2019

မကွေး၊ ဧပြီလ ၁၁ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှ ၁ နာရီခွဲခန့်ထိ တောင်တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်ညို၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည် ယာဉ်ထိန်း တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် တောင်တွင်းကြီးမြို့ပေါ်ရှိ မီးပွိုင့်လမ်းဆုံ၊ အကြည်တော်လမ်းဆုံ၊ ကုန်စိမ်းတမ်းထိပ် လမ်းဆုံတို့တွင် သင်္ကြန်ကာလအတွင်း မှုခင်းများမဖြစ်ပွားစေရေး ပညာပေးဆိုင်းဘုတ်များ စိုက်ထူ ခြင်း၊ မြို့မဈေးအတွင်း ပြည်သူလူထုအား ဟန်းစပီကာဖြင့် မှုခင်းအသိပညာပေးခြင်း၊ ယာဉ်/လမ်း စည်းကမ်းပညာပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။







0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video