မကွေး၊ ဧပြီလ ၁၀ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၁၀
နာရီခွဲခန့်ထိ ထီးလင်းမြို့မရဲစခန်းမှ ရဲအုပ် သိန်းဌေး ဦးစီးတပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
အငယ်တန်းစာရေး ဦးကျော်မျိုးထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ် ရဲနောင်လင်း၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကြည်ငြိမ်းခန့်၊
အမှတ်(၁)ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးခင်အောင်ထွေးတို့နှင့်အတူ ထီးလင်းမြို့၊ ကျောက်ထုလမ်းဆုံတွင်
ခရီးသွားပြည်သူ များအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့
ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment