Monday, April 8, 2019

မကွေး၊ ဧပြီလ ၈ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှ ၂ နာရီခွဲခန့်ထိ ဆောမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ၀င်းနိုင်၊ ဆောမြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းထိုက် ဦးစီးတပ်ဖွဲ့ဝင်များသည် ဆောမြို့နယ်၊ သလယ်ကျေးရွာဘုန်းတော်ကြီးကျောင်းဇရပ်တွင် အများပြည်သူ(၁၇၀)ဦးခန့်အား သင်္ကြန်ကာလ အတွင်း မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video