Monday, April 1, 2019


မကွေး၊ ဧပြီလ ၁ ရက်
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ ဥက္ကဌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးစီး၍´´ရဲဇာနည်ခန်းမ``၌ ၂၀၁၉ ခုနှစ်၊ မတ်လအတွက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ဦးစီး(ပ)(ဦး/ရေး/ ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး(ဦးစီး)၊ ရဲမှူး(မှုခင်းမှတ်တမ်း)၊ ဒုရဲမှူး(ဦးစီး)၊ ဒုရဲမှူး(ရေး/ ထောက်)၊ အရာရှိ၊ အခြားအဆင့်၊ စာရေးဝန်ထမ်း(၁၁၂)ဦး၊ မိသားစုဝင်(၄၀)ဦး၊ စုစုပေါင်း(၁၅၂)ဦး တို့အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်း ပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရန်၊ မိမိတို့ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားကြရန်နှင့် မိသားစုများ စည်းလုံးညီညွတ်စွာနေထိုင်သွားရန်နှင့် အုပ်ချုပ်မှုလျော့နည်း ဖြစ်စဉ်များ မဖြစ်စေရန်တို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ၂၀၁၉ ခုနှစ်၊ မတ်လအတွက် တာဝန်ထမ်းဆောင် မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ်  ဦးစီးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရေးဌာနစိတ် များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အားလည်းကောင်း၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ထောက်ဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏ အကောင်းဆုံးဝန်ထမ်း (၁)ဦးတို့အားလည်းကောင်း၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)မှ ၀တ်စားဆင်ယင်မှုအကောင်းဆုံး တပ်ဖွဲ့ဝင်(၂)ဦးတို့အားလည်းကောင်း ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။












0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video