မကွေး၊ ဧပြီလ ၁ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ညနေ ၃
နာရီခွဲခန့်မှ ည ၁၀ နာရီအချိန်ခန့်ထိ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ 3H/3726 UD
Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ရေနံချောင်းမြို့နယ်၊
ညောင်လှနယ်မြေရဲစခန်းအပိုင်ရှိ အမှတ်(၇၇)ခြေလျင်တပ်ရင်းသို့ သွားရောက်၍
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ဇော် ပါ အရာရှိ/အရာခံ/အကြပ်/စစ်သည်များ၊
မိသားစုများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
ဇော်မင်း၊ မြို့မစခန်းမှူး ဒုရဲမှူး အောင်လွင်ဦးတို့မှ ဦးဆောင်၍ ဥပဒေဆိုင်ရာများ
ဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး
အသိပညာပေး ဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း တို့အား
ပြုလုပ်ခဲ့ ပါသည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁
ရက်နေ့ နံနက် ၈ နာရီအချိန်မှ ၉ နာရီခွဲခန့်ထိ ရေနံချောင်းမြို့၊
မြို့မရဲစခန်းအပိုင်၊ မြို့မမြောက်ရပ်ကွက်၊ ရှစ်မျက်နှာဘုရားဝန်းအတွင်းလည်းကောင်း၊
နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ
ရေနံချောင်းမြို့၊ မြို့မဈေးရှေ့တွင် လည်းကောင်း မှုခင်းပညာပေး ပြခန်းယာဉ်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ
လူကုန်ကူးမှု၊ လူမှောင်ခိုမှုများအကြောင်း အသိပညာပေး ဟောပြောခြင်း၊
မြို့မရဲစခန်းမှူးမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊
ဒုရဲအုပ် မျိုးမင်းထွန်းမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြော ခြင်းတို့
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment