၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ညနေ ၅ နာရီခွဲခန့်ထိ ရေနံချောင်းမြို့နယ်၊ မြို့မမြောက်ရပ်ကွက်၊ မြို့မဈေးအပေါ်ထပ်ရှိ ဈေးခန်းမတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်းကိုဟော၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးခိုင်၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသန်းထွန်းအောင်တို့ ပါဝင်သော ပူးပေါင်းပါဝင်သော ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူ များအား မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့နှင့်အတူ မှုခင်းကျဆင်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ရိုးရာမဟာသင်္ကြန်ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်း များအား ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စွန့်ပစ် ပစ္စည်းများကို စနစ်တကျစွန့်ပစ်စေလိုကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ရေနံချောင်းမြို့နယ်၊ မြို့မဈေးအတွင်းသို့ တစ်လလျှင်(၁)ကြိမ် စစ်ဆေးလျှက်ရှိကြောင်း ချပြရှင်းလင်းခြင်း၊ သဘာဝထက်ကျော်လွန်သော တာရှည်ခံဆေးများ သုံးစွဲထားသည့် အစားအစာ များ စားသုံးမိပါက ဆိုးကျိုးများဖြစ်နိုင်ကြောင်းစသည့် ဥပဒေများအကြောင်း ပြောကြားခြင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ကုန်သွယ်လုပ်ငန်းခွင် စသည့် အခွန်အမျိုးမျိုးအကြောင်း ရှင်းလင်းခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Tuesday, April 2, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment