၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့
ညနေ ၄ နာရီခန့်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အောင်ကျော်စိုးနှင့်အဖွဲ့သည်
သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် မကြီးကန်ရွာ အနောက်ဘက် နွားသားရေခြံအနီးတွင်
မသင်္ကာဖွယ် လူတစ်ဦးအား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိရ၍ စစ်ဆေးရာ ရေနံချောင်းမြို့နယ်၊
စမ်းမြိုင်လယ်ကျေးရွာနေ လှိုင်မင်းထက်(ခ)မွှေးနီ၊ ၁၉ နှစ် ဖြစ်ပြီး ၎င်းနှင့်အတူတွေ့ရှိရသည့်
၆၀ယ/၈၆၉၆၅ ဒါရမ်း ၁၂၅ ဖြူ/နက်ကြားရာင် ဆိုင်ကယ်နှင့်ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်း
အထောက်အထားတစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိဘဲ နေအိမ် အဆောက်အဦတစ်ခုခုအတွင်းမှ
ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိရသဖြင့် လှိုင်မင်းထက်(ခ)မွှေးနီ အား မကွေးနယ်မြေရဲစခန်း
(ပ)၂၄၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, March 16, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment