၂၀၁၉ ခုနှစ်၊
မတ်လ ၁၅ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားဝန်း၊ အောက်သောင်ရဲကင်းစခန်းမှ
ဒုရဲအုပ် စောမင်းထွန်းသည် ရွှေစက်တော်ဘုရားဝန်းအတွင်း အရက် သေစာရောင်းချမှု မရှိစေရေးအတွက်
သက်သေများနှင့်အတူ ရှောင်တခင်ပိတ်ဆို့ရှာဖွေခြင်းများ ပြုလုပ် နေစဉ် ငဖဲ-ဘုရားကျေးရွာပါတ်လမ်း၊
ဘုရားကျေးရွာကွက်သစ်အနီးတွင် မင်းဘူးမြို့နယ်၊ ဘုရားကျေးရွာ နေ မျိုးကို၊ ၂၆ နှစ်၊
မောင်းနှင်လာသည့် နံပါတ်မပါ ကန်ဘို ၁၂၅ အနက်ရောင်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ (၈)ဂါလံဆံ့
အပြာရောင်ပလပ်စတစ်ပုံးများဖြင့်ထည့်လျက် ဘီအီးအရက်ဆီ (၆)ဂါလံခန့်ပါ (၁)ပုံးနှင့် (၈)ဂါလံခန့်(၁)ပုံးတို့နှင့်အတူ
တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မျိုးကိုအား မင်းဘူးမြို့နယ်၊ စကုနယ်မြေ ရဲစခန်း (ပ)၃၄/၂၀၁၉၊
ယစ်မျိုးဥပဒေပုဒ်မ ၃၀(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Saturday, March 16, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment