၂၀၁၉ ခုနှစ်၊
မတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း၊
ရွှေချောင်းရဲကင်းမှူး ဒုရဲအုပ် တင်အောင်စန်းနှင့်အဖွဲ့သည် လှေ့စဉ်ကျေးရွာရာအိမ်မှူး
ဦးကျော်ဝင်းတို့နှင့် ပူးပေါင်း၍ မင်းလှမြို့နယ်၊ လှေ့စဉ်ကျေးရွာ၊ ရွာလယ်ဇရပ်တွင်
ကျေးရွာသူ/ကျေးရွာသား (၅၀)ဦးခန့်နှင့် တွေ့ဆုံ၍ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများ၊
အရက်ကြောင့်ဖြစ်ပွားခဲ့သည် မှုခင်းဖြစ်စဉ်များအား ချပြ ရှင်းလင်းခြင်း၊
သင်္ကြန်ပွဲတော်ကာလအတွင်း ယာဉ်မောင်းသူ/ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန်၊
မူးယစ် ဆေးဝါးနှင့်ပတ်သတ်၍ ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်များ၊
မှုခင်းမဖြစ်ပွားစေရေး သတိပြု ရှောင်ကြဉ်ရမည့် အချက်များအား
အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Thursday, March 14, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment