Tuesday, March 12, 2019


မကွေး၊ မတ်လ ၁၂ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ကျင်းပလျက်ရှိသော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိစဉ် မြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနမှ မြိုင်မြို့နယ်၊ သီးကုန်းကျေးရွာ အုပ်စု၊ ပျဉ်းဝင်းကျေးရွာနေ မောင်ဖြိုးဇော်၊ ခုံအမှတ် ဖဇ-၁၆၈၂ (ဖ)ဦးကံညွန့်သည် စာမေးပွဲ ဖြေဆိုရန်လာရောက် စဉ် ကျောင်းရှေ့အရောက်တွင် အဖျားတက်လာသဖြင့် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ မြိုင်မြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါကျောင်းသားအား မြို့နယ်ပညာရေးမှူး၏ခွင့်ပြုချက်ဖြင့် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ သီးသန့် အခန်းတွင် စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video