Monday, March 11, 2019


မကွေး၊ မတ်လ ၁၁ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကျင်းပလျက်ရှိသော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိစဉ် မြိုင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနမှ ခုံအမှတ် ဖဇ-၁၃၉၂ မယဉ်ဝင်းလှိုင် (ဖ)ဦးသန်းဇော်လတ်သည် ကျောင်းရှေ့တွင် အူအတက်ရောင်၍လည်းကောင်း၊ ခုံအမှတ် ဖဇ-၁၁၅၉ မောင်ဇော်ကိုထွန်း (ဖ)ဦးအောင်ကျော်ထူးသည် ကျောင်းရှေ့တွင် အရေပြား ယားယံ၍ လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနမှ ခုံအမှတ် ဖဇ-၈၆ မဆွေဇင်ဖြိုး(ဖ)ဦးတင်အောင် သည် ကျောင်းရှေ့တွင် ဗိုက်အောင့်၍လည်းကောင်း လုံခြုံရေး တာဝန်ကျ တပ်ဖွဲ့ဝင်များမှ မြိုင်ပြည်သူ့ဆေး ရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
အဆိုပါကျောင်းသား/ကျောင်းသူ(၃)ဦးအား မြို့နယ်ပညာရေးမှူး၏ခွင့်ပြုချက်ဖြင့် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံ၊ သီးသန့်အခန်းတွင် စာမေးပွဲဖြေဆိုနိုင်ရေးစီစဉ်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင်လည်း စာမေးပွဲဖြေဆိုပြီး ပြန်ထွက်လာစဉ် ခေါင်းမူးနေသူ မလ၀န်းလဲ့မွန် (ဖ)ဦးလှိုင်ဝင်းအောင်အား ဒုရဲအုပ် ကျော်ငြိမ်းနှင့် အဖွဲ့မှ ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့ရကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video