Saturday, March 16, 2019



၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့် ပခုက္ကူမြို့မရဲစခန်း(ပ)၁၀၅၇/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉(ဆိုင်ကယ်)အမှုမှ တရားခံ မျိုးအာကာ(ခ)ဖိုးခွားနှင့် ကျော်လင်းထက်တို့အား အမှုစစ် ဒုရဲအုပ် ဝေလင်းဇော်မှ စစ်ဆေးရာ ၎င်းတို့သည် လွန်ခဲ့သော(၁၀)လခန့်က ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ လေသာကျောင်းတိုက်အနီး လမ်းဘေးမှ  နံပါတ်မပါ DAYANG 125 နက်/နီရောင်ဆိုင်ကယ်တစ်စီးအား ခိုးယူခဲ့ပြီး သူငယ်ချင်းဖြစ်သူ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်နေ ကျော်ဝမ်း၊ ၃၅နှစ်၏ အဆက် အသွယ်ဖြင့် ပခုက္ကူမြို့နယ်၊ ဇောင်ချမ်းကုန်းရွာနေ သန်းဝင်း(ခ)ငယ်တာထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ လိုက်လံသိမ်းဆည်းရမိခဲ့သဖြင့် မျိုးအာကာ(ခ)ဖိုးခွားပါ (၃)ဦးတို့အား ပခုက္ကူ မြို့မရဲစခန်း (ပ)၁၂၂၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။    
ဆက်လက်၍ ညနေ ၅ နာရီခွဲခန့်တွင် တရားခံ မျိုးအာကာ (ခ)ဖိုးခွားနှင့် ကျော်လင်းထက်တို့၏ ထပ်မံ ထွက်ဆိုချက်အရ ၎င်းတို့သည် လွန်ခဲ့သော(၁)နှစ်ခန့်ကလည်း ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်၊ (၁၁)လမ်း၊ ရွှေလမ်းအရှေ့ဘက်လမ်းဘေးမှ နံပါတ်မပါ YAMAHA FZ အနက်ရောင်ဆိုင်ကယ်တစ်စီး အား ခိုးယူခဲ့ပြီး ကျော်ဝမ်း၏ အဆက်အသွယ်ဖြင့် ပခုက္ကူမြို့နယ်၊ ဖောင်းကွဲအုပ်စု၊ မကျည်းတန်ရွာနေ အောင်ဇော်ဝင်းထံ ရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အောင်ဇော်ဝင်းထံမှ ဆိုင်ကယ်အား သိမ်းဆည်းခဲ့၍ မျိုးအာကာ(ခ)ဖိုးခွားပါ(၃)ဦးတို့အား ပခုက္ကူမြို့မရဲစခန်း (ပ)၁၂၃၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ  အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video