Sunday, March 17, 2019

မကွေး၊ မတ်လ ၁၇ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် ပခုက္ကူမြို့မ ရဲစခန်း (ပ)၁၀၅၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ဆိုင်ကယ်) အမှုမှ တရားခံ ဖိုးခွား(ခ)မျိုးအာကာနှင့် ကျော်လင်းထက် တို့ (၂)ဦး အား ဒုရဲအုပ် ဝေလင်းဇော်မှ စစ်ဆေးရာ ၎င်းတို့သည် လွန်ခဲ့သော (၃)လခန့်က အမှတ်(၁၁) ရပ်ကွက်၊ ရွှေဧရာဝတီစားသောက်ဆိုင်ရှေ့ လမ်းဘေးတွင်ရပ်ထားသော နံပါတ်မပါ ကန်ဘို ၁၁၀ နက်/နီရောင် ဆိုင်ကယ်(၁)စီးအားလည်းကောင်း၊ လွန်ခဲ့သော(၂)လခန့်က အမှတ်(၁၁)ရပ်ကွက်၊ (၁၇) လမ်းအရှေ့ဘက်တွင် ရပ်ထားသော နံပါတ်မပါ CYCLONE YUNDE 110 အနက်ရောင်ဆိုင်ကယ် (၁)စီးအားလည်းကောင်း ခိုးယူခဲ့ပြီး ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက် နေ ကျော်ဝမ်း၊ ၃၅ နှစ်ထံသို့ ရောင်းချရန် အပ်နှံခဲ့ကြောင်း ထွက်ဆို ချက်အရ စုစုပေါင်းသက်သေခံဆိုင်ကယ်(၅)စီးအား ထပ်မံ သိမ်းဆည်းနိုင်ခဲ့ပါသည်။
ထို့နောက် ယခင်အရေးယူထားသော ပခုက္ကူမြို့မရဲစခန်း(ပ)၁၀၅၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ဆိုင်ကယ်)၊
(ပ)၁၂၂၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄၊ 
(ပ)၁၂၃၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ ကျင့် ၅၄
အမှုများအပြင် ထပ်မံ၍
ပခုက္ကူမြို့မရဲစခန်း(ပ)၁၂၃၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄၊
(ပ)၁၂၃၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ 
စုစုပေါင်းအမှု(၅)မှု ရေးဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video