မကွေး၊ မတ်လ ၁၇ ရက်
၂၀၁၉ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့
နေ့လည် ၁၂ နာရီအချိန်ခန့် ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် နှင့်အဖွဲ့သည် ဘောလုံးလောင်းကစားပြုလုပ်နေကြောင်းသတင်းအရ
သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား နေအိမ် ရှာဖွေဖမ်းဆီးခွင့်ဝရမ်းအမှတ်
(၄/၂၀၁၉)ဖြင့် ပခုက္ကူမြို့၊ စက်မှုဇုံ ရပ်နေ ကျော်ကျော်မင်း၊ ၄၄ နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေရာ
ဘောလုံးလောင်းကစားရာတွင် အသုံးပြုသော ဘောင်ချာစာအုပ်(၁)အုပ်၊ ပွဲစဉ်ဇယားများနှင့် ငွေကြးများ
ဖြည့်သွင်းထားသော စာအုပ် (၁)အုပ်၊ မောင်းစည်းကမ်းချက်များရေးသွင်းထားသည့် ကဒ်(၁)ကဒ်၊
ကာဗွန် စာရွက်(၁၀)ရွက်၊ ဘောပင် (၃)ချောင်း၊ ပေတံ(၁)ချောင်း၊ ငွေစက္ကူရောရာ(၃၂၅၅၀၀ိ/-)နှင့်အတူ
တွေ့ရှိသိမ်းဆည်းရမိ ခဲ့၍ ကျော်ကျော်မင်းအား ပခုက္ကူမြို့၊ မြို့မရဲစခန်း(ပ)၁၂၃၂/၂၀၁၉၊
လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။Sunday, March 17, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment