Friday, February 22, 2019


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အမှတ်(၁၅)မူးယစ် တပ်ဖွဲ့စု(မကွေးမြို့)မှ ရဲအုပ် သန်းဇော်လတ် ဦးဆောင်သော မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်း အကူဌာနစု၊ သရက်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်၊ အောင်လံမြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များ  ပူးပေါင်း၍ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့် အတူ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်နေ မမေလွင်အောင်၊ ၃၂ နှစ်၊ စနှိုးဝှိုက် အလှပြုပြင်ရေး လုပ်ငန်း၏ နေအိမ်အား အမှတ်(၁၅)မူးယစ်တပ်ဖွဲ့စုမှူး(မကွေး)၏ မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေ ခွင့်ဝရမ်းအမှတ် ၄/၂၀၁၉ ဖြင့် ၀င်ရောက်ရှာဖွေခဲ့ပါသည်။
မမေလွင်အောင်အား နေအိမ်တွင် တွေ့ရှိရပြီး ၎င်း၏ယာဘက်လက်တွင် ဆုပ်ကိုင်ထားသော  BROMCOLEX စာတန်းပါ အဖြူရောင်ဗူးဝိုင်းအတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်(၂)ထပ်ဖြင့် ထုပ်ထား သည့် အပြာရောင်ကပ်ခွာအိတ်(၂)ထပ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား(၁၈၇)ပြားပါ (၁)ထုပ်၊ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြရူးသွပ်ဆေးပြား (၁၉၉)ပြားပါ (၁)ထုပ်၊ အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ အ၀ါရောင်သားရေကွင်းဖြင့် စည်းထား သည့် အပြာရောင်ကပ်ခွာအိတ်(၉)အိတ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၇၈၂)ပြား၊ WY စာတမ်းပါ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၈)ပြား၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၂၁၈၆)ပြား၊ (၂၁၈.၆)ဂရမ်၊ စုစုပေါင်းတန်ဖိုး (၁၀၉၃၀၀၀၀ိ/-)နှင့် အနီရောင် ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ (၄၇၀၀၀ိ/-)၊ Honor ဖုန်း (၁)လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သဖြင့် မမေလွင်အောင်အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း မူးယစ်(ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video