မကွေး၊ ဖေဖေါ်ဝါရီလ ၂၁ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်မှ ၉ နာရီခွဲခန့်အထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ဆင်ပေါင်ဝဲမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး စိုးလှိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေးအနီးတွင် မှုခင်းပညာပေး ပြခန်းယာဉ်အား ပြသဆောင်ရွက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ လူကုန်ကူးမှုတားဆီး ကာကွယ် ရေး၊ သက်ငယ်မုဒိမ်းမှုလျော့နည်း ကျဆင်းရေး အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ဈေးသူ/ဈေးသားများနှင့် ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြ ပြီး အသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ထို့နောက် နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်ထိ ဆင်ပေါင်ဝဲ မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရား (၅)ဆူ အနီး၌ မှုခင်းပညာပေး ပြခန်းယာဉ်ဖြင့် ပြသဆောင်ရွက်ခဲ့ရာ အမျိုးသမီးရေးရာအသင်းအဖွဲ့ များ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး မြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းမြင့်မှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်း ကျဆင်းရေး အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း/လမ်း စည်းကမ်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment