Friday, February 22, 2019

မကွေး၊ ဖေဖေါ်ဝါရီလ ၂၁ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့် ချောက်မြို့မရဲစခန်းမှ ရဲအုပ် မြစိုးသည် ခေတ္တမြို့မရဲစခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ ချောက်မြို့၊ အမှတ်(၈)၊ သာယာအေးရပ်နေ တင်မောင်၊ ၅၆ နှစ်သည် ၎င်း၏ (၃x၂)ပင် သွပ်မိုးထရံကာ မြေစိုက်ဝါးကြမ်းခင်း နေအိမ်အတွင်း အမျိုးအစားမသိ(တရုတ်နိုင်ငံလုပ်)ဖုန်းအား အားသွင်းရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်အဖွဲ့များ၊ ရပ်ကွက်သူ/သားများမှ ရေသယ်ယာဉ် (၂)စီး၊ မီးသတ် ယာဉ်(၄)စီးတို့ဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၉ နာရီခွဲခန့်အချိန် မီးငြိမ်းသွားပြီး တင်မောင်၏ နေအိမ်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့သဖြင့် တင်မောင်အား ချောက်မြို့မရဲစခန်း(ပ)၂၀၃/ ၂၀၁၉၊  ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်ခဲ့ရပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video