Wednesday, February 20, 2019


မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုကြောင့် သေဆုံး/ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် စီမံချက်တစ်ရပ် အနေဖြင့် မြို့နယ်အသီးသီးတွင် မိတ်ဖက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်လည်း သတ်မှတ်စည်းကမ်း ချက်များနှင့် ကိုက်ညီမှုမရှိသော မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား အောက်ပါအတိုင်း အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း သတင်းရရှိပါသည်
(၁) မကွေးခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၃၇)မှု၊ နောက်ကြည့်မှန်မတပ်ဆင်မှု(၅)မှု၊ ယာဉ်မောင်းလိုင်စင်မပါမှု(၄၇)မှု၊ ယာဉ်လိုင်စင်မပါ(၁၅)၊ စုစုပေါင်း(၁၀၄)မှု
(၂) မင်းဘူးခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်းမှု(၃၃)မှု၊ နောက်ကြည့်မှန်မတပ်မှု(၃)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၁)မှု၊ နံပြတ်ပြားမတပ်ဆင်ခြင်း(၁)မှု၊ မီးနီဖြတ်(၃)မှု၊ လုပ်ငန်းလိုင်စင် မပါရှိခြင်း(၁)မှု၊ စုစုပေါင်း(၄၂)မှု
(၃)   သရက်ခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၄၂)မှု၊ နေက်ကြည့်မှန်မတပ်မှု(၃)မှု၊ ယာဉ် မောင်းလိုင်စင်မပါ(၄)မှု၊ စုစုပေါင်း(၄၉)မှု
(၄) ပခုက္ကူခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်း(၃၃)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၅၆)မှု၊    ယာဉ်လိုင်စင်မပါ(၁၂)မှု၊ ယာဉ်မောင်းလိုင်စင်မပါရှိခြင်း(၂)မှု၊ စုစုပေါင်း(၁၀၃)မှု
(၅)  ဂန့်ဂေါခရိုင်ရှိ မြို့နယ်(၃)ခုတွင် ဦးထုပ်မဆောင်းမှု(၈)မှု၊ နောက်ကြည့်မှတ်မတပ်ဆင်မှု(၁)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၆)မှု၊ ယာဉ်မောင်းလိုင်စင်မပါရှိခြင်း(၁)မှုစုစုပေါင်း(၁၆)မှု







0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video