၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉
ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခန့်အထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူး
ရဲမှူး ဟန်စိန် ဦးစီးတပ်ဖွဲ့ဝင်များသည် အမှတ်(၁၉)ယာဉ်ထိန်းတပ်ဖွဲ့စုမှ တာဝန်ခံ
ရဲအုပ် အောင်မြင့်ထွန်းတို့နှင့်အတူ အောင်လံမြို့၊ သရက်တောရက်ကွက်၊ လမ်းမတော်လမ်း၊
(၃x၄)လမ်း ကြားရှိ လင်းအုပ်ရှင်ဘော်ဒါရှေ့တွင် မူးယစ်ဆေးဝါးများအကြောင်း၊
ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ဆိုင်ရာများ အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများ၊ရပ်ကွက်နေ ပြည်သူများမှ လေ့လာ ကြည့်ရှုခဲ့ကြပြီး လက်ကမ်းစာစောင်များအား
ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ထို့နောက် နံနက် ၁၁ နာရီခွဲခန့်မှ
၁၂ နာရီခွဲခန့်ထိ အောင်လံမြို့၊ စက်ရုံရပ်ကွက်၊ ပြည်လမ်းရှိ မြို့နယ်ပြည်သူဆေးရုံရှေ့တွင်
အောင်လံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်စိန်မှ မှုခင်းကျဆင်းရေး ဟောပြောခြင်း၊
အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးညွန့်ဦးမှ လူကုန်ကူးမှုပပျောက်ရေး/ သက်ငယ် မုဒိမ်းမှုများ
လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊
အမှတ်(၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် အောင်မြင့်ထွန်းမှ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့်
မော်တော်ယာဉ်ဥပဒေများအကြောင်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ
ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ အား
ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment