Friday, February 22, 2019


မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုကြောင့် သေဆုံး/ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် စီမံချက်တစ်ရပ် အနေဖြင့် မြို့နယ်အသီးသီးတွင် မိတ်ဖက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင်လည်း သတ်မှတ်စည်းကမ်း ချက်များနှင့် ကိုက်ညီမှုမရှိသော မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား အောက်ပါအတိုင်း အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း သတင်းရရှိပါသည်
(၁)  မကွေးခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၂၈)မှု၊ နောက်ကြည့်မှန်မတပ်ဆင်မှု(၁၉)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၅၃)မှု၊ မီးနီဖြတ်မှု(၅)မှု၊ စုစုပေါင်း(၁၀၅)မှု
(၂) မင်းဘူးခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်းမှု(၂၆)မှု၊ နောက်ကြည့်မှန်မတပ်မှု(၄)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၁၈)မှု၊ နံပြတ်ပြားမတပ်ဆင်ခြင်း(၁)မှု၊ ယာဉ်လိုင်စင်မပါရှိခြင်း(၁)မှု၊   စုစုပေါင်း(၅၀)မှု
(၃)  သရက်ခရိုင်ရှိ မြို့နယ်(၆)ခုတွင် ဦးထုပ်မဆောင်းမှု(၃၁)မှု၊ နောက်ကြည့်မှန်မတပ်ဆင်မှု(၃)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၂)မှု၊ယာဉ်မောင်းလိုင်စင်မရှိခြင်း(၁)၊ယာဉ်မောင်းလိုင်စင်မရှိ(သုံးဘီး)(၂)မှု၊  စုစုပေါင်း(၃၉)မှု
(၄) ပခုက္ကူခရိုင်ရှိ မြို့နယ်(၅)ခုတွင် ဦးထုပ်မဆောင်း(၂၀)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၆၁)မှု၊ နံပါတ်ပြားမတပ်ဆင်ခြင်း(၁)မှု၊ ယာဉ်မောင်းလိုင်စင်မပါရှိခြင်း(၁)မှု၊ ယာဉ်သတ်တမ်းလွန်ခြင်း (၂)မှု၊ စုစုပေါင်း(၈၅)မှု
(၅)   ဂန့်ဂေါခရိုင်ရှိ မြို့နယ်(၃)ခုတွင် ဦးထုပ်မဆောင်းမှု(၁၂)မှု၊ ယာဉ်မောင်းလိုင်စင်မပါ(၁)မှု၊ ယာဉ် လိုင်စင်မပါ(၁)မှု၊ စုစုပေါင်း(၁၄)မှု




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video