Saturday, February 23, 2019


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညအချိန်ခန့် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်အေးရီ၊ ၆၁ နှစ်၊ (ဖ)ဦးအောင်တင်သည် တရားစခန်းဝင်နေစဉ် ကြမ်းကြားကျေးရွာနေ သားမက်ဖြစ်သူ နေလင်း ရောက်ရှိလာပြီး ဒေါ်အေးရီ၏နေအိမ်တံခါးနှင့် အခန်းတံခါး သော့များမှာ ပွင့်နေကြောင်း လာရောက်ပြောပြ၍ နေအိမ်သို့ ပြန်လာ စစ်ဆေးရာ နေအိမ်ခြံစည်းရိုးတံခါးသော့မှာ ပျက်စီးခြင်း မရှိဘဲ အိမ်တံခါးမကြီးသော့နှင့် နေအိမ်အောက်ထပ် အိပ်ခန်းတံခါးသော့တို့မှာ ပျက်နေပြီး တံခါးလည်းပျက်စီးနေသည်ကို တွေ့ရှိခဲ့ရပါသည်။
အခန်းအတွင်းရှိ သံသေတ္တာသော့အား ဖျက်ဆီးဖွင့်ထားပြီး သေတ္တာအတွင်းရှိ ရွှေဗူးဖြင့် ထည့်ထား သည့် ရွှေငွေရတနာပစ္စည်းအမျိုးမျိုးနှင့် ငွေသားများ၊ စုစုပေါင်းတန်ဖိုး(၁၄၇၇၀၀၀၀ိ/-)ခန့် ပျောက်ဆုံး နေသဖြင့် တရားခံအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်း၍ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၂၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇ အရ အမှုရေးဖွင့် စုံစမ်း ဆောင်ရွက်မှု ဖြစ်ပါသည်။
တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်၍ အမှုစစ်အဖွဲ့များ ဖွဲ့စည်းကာ အခင်း ဖြစ်ရပ်သက်သေများ အသေးစိတ်စစ်ဆေးခြင်း၊ မသင်္ကာ တရားခံများအား အတည်ပြုစုံစမ်းခြင်း၊ ရာဇ၀င်လူဆိုးများအား စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့၊ အုန်းတော(၁) ရပ်ကွက်နေ လျှပ်စစ်မီးပြင်လုပ်ကိုင်သူ ကိုလတ်(ခ)ဇင်ကိုလတ်၊ ၂၃ နှစ်၊ (ယခု-ဆတ်သွား၊ အမှတ် (၂)ရပ်ကွက်နေသူ)အား ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် ၎င်း၏နေအိမ်၌ တွေ့ရှိစစ်ဆေးခဲ့ရာ ဒေါ်အေးရီ၏နေအိမ်အား ဖောက်ထွင်းခဲ့ကြောင်း ထွက်ဆိုပြီး ၎င်း၏ဇနီး မဖြူပြာလှိုင်ထံ အပ်နှံ၍ ငွေကြေးသုံးစွဲနေကြောင်း၊ နေအိမ်အား ပြန်လည်ပြုပြင်တည်ဆောက် နေကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်သည့် သက်သေခံပစ္စည်းများအား တောင်တွင်းကြီးမြို့၊ အုန်းတော(၁)ရပ်ကွက်၊ ဘာသာပေါင်းစုံ၊ သုဿာန်အ၀င်လမ်းနေ မဖြူပြာလှိုင်၏ ဖခင်ဖြစ်သူ ဦးအောင်ကြည်စိုး၏ နေအိမ်မှ သက်သေခံပစ္စည်း(၁၇)မျိုးနှင့် ငွေကျပ်(၃၅၃၅၀၀၀ိ/-)တို့အားလည်းကောင်း၊ ရောင်းချထားသည့် ထိပ်တင်စမ်းရွှေပန်းထိမ်လုပ်ငန်းမှ ရွှေထည်ပစ္စည်း(၃)မျိုးအားလည်းကောင်း၊ ကိုမြင့်ဇော်ဦး ထံမှ ရွှေထည်ပစ္စည်း(၁)မျိုးအား လည်းကောင်း သိမ်းဆည်းရမိပြီး ဆက်လက်ဖော်ထုတ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video