မကွေး၊
ဖေဖေါ်ဝါရီလ ၁၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့
နံနက် ၉ နာရီမှ ၁၁ နာရီခန့်အထိ ချောက်မြို့၊ အမှတ်(၁၀) ရပ်ကွက်၊ ပတ္တမြားရပ်၊
လမ်းမတော်လမ်း၊ ရဲစခန်းလမ်းဆုံ မီးပ္ပိုင့်တွင် မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဆွေဝင်း၊
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဌေးဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်မှ
ဦးဇင်မင်းထက် ဦးစီးအဖွဲ့၊ မြို့နယ်မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ ဥက္ကဌ
ဦးလှအောင်နှင့် အဖွဲ့၊ မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌ ဦးကျော်ဝင်းနှင့်အဖွဲ့၊
မြို့နယ်အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်ဇော်ခိုင် နှင့်အဖွဲ့၊ မြို့နယ်လက်ထောက်သာသနာရေးမှူး
ဦးမြင့်အောင်ပါ(၅)ဦး ပူးပေါင်းအဖွဲ့ တို့သည် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးခြင်းများ
ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လမ်းမတော်လမ်း
ရဲစခန်းလမ်းဆုံမီးပ္ပိုင့်တွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်/ ဆိုင်ကယ်များအား
မောင်းနှင်သွားလာသည့်အခါ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး ယာဉ် မတော်တဆမှုနှင့်
ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများ လျော့နည်းကျဆင်းရေးအတွက် စနစ်တကျ
မောင်းနှင်သွားလာမှုများရရှိစေရေး အသိပညာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် `အရှိန် ပြင်းပြင်း မမောင်းနဲ့၊ နှစ်ဦးထက်
ပိုမစီးရ၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ´ စာသားများပါသော ရောင်ပြန်စတစ်ကာများအား
ကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment