မကွေးမြို့၊ ဖေဖော်ဝါရီလ ၁၈ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပွင့်ဖြူ မြို့မရဲစခန်းမှ ဒုရဲအုပ် ရဲမွန်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ နယ်မြေသတင်းစုံစမ်းနေစဉ် မုန်းချောင်းတံတားထိပ်အရောက်တွင် ရှောက်တောကျေးရွာဘက်မှ ပွင့်ဖြူမြို့ဘက်သို့ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာကျေးရွာနေ မျိုးနိုင်ဝင်း(ခ) မင်းမင်း(ခ)ကပ္ပလီ၊ ၁၈ နှစ်၊ (ဖ)ဦးမြတ်မောင်၊ မောင်းနှင်လာသော ၄၁ယ/၉၈၃၂၁ Dayang 125 အနီရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်းအထောက် အထား တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်းမရှိသည့်အပြင် တစ်နေရာရာမှ ခိုးယူ လာသည်ဟု မသင်္ကာဖွယ် စစ်ဆေးတွေ့ရှိရ၍ မျိုးနိုင်ဝင်း(ခ) မင်းမင်း (ခ)ကပ္ပလီအား ပွင့်ဖြူမြို့မ ရဲစခန်း(ပ)၅၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ခဲ့ပါသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒုရဲအုပ် ရဲမွှန် နှင့်အဖွဲ့သည် အမှုမှ ကွင်းဆက်တရားခံ မျိုးနိုင်လင်းနှင့် မင်းဌေးဦးတို့အား လိုက်လံစုံစမ်းနေစဉ် ညနေ ၅ နာရီခွဲခန့်၌ မုန်တောကြီးကျေးရွာအရှေ့ဘက်တွင် မသင်္ကာဖွယ်လူတစ်ဦး တွေ့ရှိရသဖြင့် စစ်ဆေးရာ မင်းဌေးဦးနှင့် ညီအစ်ကိုအရင်းတော်စပ်သူ ဘိုဆန်းဦး၊ ၃၃ နှစ်၊ (ဖ)ဦးသန်းအေး ဆိုသူဖြစ်ပြီး ၎င်းထံမှ MI အဖြူရောင်ဖုန်း(၁)လုံးအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် စစ်ဆေးရာ ဖုန်းအား ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသ နိုင်ခြင်းမရှိဘဲ တစ်နေရာရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ဘိုဆန်းဦးအား ပွင့်ဖြူမြို့မရဲစခန်း (ပ)၅၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုမှ ကွင်းဆက်တရားခံ မျိုးနိုင်လင်းနှင့် မင်းဌေးဦးတို့အား ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲ ခန့်တွင် လည်းကောင်း၊ ခိုးရာပါပစ္စည်းများ လက်ခံပေးသူ ကုလား(ခ)မြသိန်း၊ ၅၂ နှစ်အား ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်တွင် စကုမြို့အထွက် လမ်းဘေး၌လည်းကောင်း ဖမ်းဆီးနိုင်ခဲ့ပြီး စုစုပေါင်း တရားခံ(၅)ဦး တို့၏ ထွက်ဆိုချက်များအရ ပွင့်ဖြူမြို့နယ်၊ မင်းဘူး(စကု)မြို့နယ် နှင့် စလင်းမြို့နယ်များမှ ခိုးယူခဲ့သော စုစုပေါင်းဆိုင်ကယ်(၁၀)စီးအား ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment