မကွေး၊
ဖေဖေါ်ဝါရီလ ၁၆ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆
ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၀ နာရီခန့်အထိ မင်းလှမြို့မရဲစခန်းမှ ဒုရဲအုပ်
ညီညီမင်း ဦးစီးတပ်ဖွဲ့ဝင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်
ဦးစီးတပ်ဖွဲ့ဝင်၊ ရုံးရပ် တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမိုး၊
မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန် မြို့နယ်မော်တော်ယာဉ် ကြီးကြပ်ရေးကော်မတီဥက္ကဌ
ဦးသန်းမြင့်၊ မြို့နယ်စည်ပင်မှ ဦးသန်းအေးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
မင်းလှမြို့၊ ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ မြို့အ၀င်လမ်းဆုံတွင်
ခရီးသွားပြည်သူများ၊ ယာဉ်/လမ်းစည်းကမ်းလိုက်နာစေရန်နှင့် ယာဉ်မတော်တဆမှုများ
လျော့နည်း ကျဆင်းရေးအတွက် မော်တော်ယာဉ်(၄၅)စီး၊ ဆိုင်ကယ်(၈၀)စီးတို့အား ယာဉ်/လမ်းစည်းကမ်း၊
လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စတေကာကပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ
ပါသည်။
0 comments:
Post a Comment