မကွေး၊ ဖေဖေါ်ဝါရီလ ၁ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၈ နာရီခန့်မှ ၁၀ နာရီ ခန့်အထိ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဘိုဘိုထွဋ် ဦးစီးတပ်ဖွဲ့ဝင်များသည် ဆပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူး ဦးနေလင်း ဦးစီးအဖွဲ့၊ ဆိပ်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး သိန်းဇော် ဦးစီး အဖွဲ့တို့နှင့် ပူးပေါင်း၍ ဆိပ်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးထောင့်နှင့် ဘောလုံးကွင်း ထောင့်တို့တွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးခြင်း နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment