မကွေး၊
ဇန်န၀ါရီလ ၃၁ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၂ နာရီခန့်တွင်
ပခုက္ကူမြို့နယ် သစ်တောဦးစီးဌာနနေ ဦးစီးအရာရှိ ဦးတင်မောင်ဆွေ ဦးစီးအဖွဲ့တို့သည်
ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် ဦးစီးအဖွဲ့၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှ
ရဲအုပ် တင်ဝင်း ဦးစီးအဖွဲ့၊ ပခုက္ကူမြို့၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးကြည် ဦးစီးအဖွဲ့တို့
ပူးပေါင်း၍ ပခုက္ကူ-ရေစကြို ကားလမ်း၊ ပခုက္ကူ မြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး၌
ရှောင်တခင်စစ်ဆေးနေစဉ် ရေစကြိုမြို့ဘက်မှ ပခုက္ကူမြို့ ဘက်သို့ မောင်းနှင်လာသော MDY
7P/8167 Hiace အဖြူရောင်မှန်လုံယာဉ်မှာ ပန်းတိုင်းခြုံကျေးရွာ အတွင်းသို့ ထွက်ပြေးမောင်းနှင်သွားသဖြင့်
လိုက်လံဖမ်းဆီးစစ်ဆေးရာ ယာဉ်မောင်းမှာ ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာနေ
မျိုးအောင်ထွန်း၊ ၂၆ နှစ် ဖြစ်ပြီး အဆိုပါ ယာဉ်ပေါ်တွင် တရားမ၀င်ပိတောက်ခွဲသား(၁၃)ချောင်း၊
၁.၉၄၈၆ တန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် မျိုးအောင်ထွန်းအား ပခုက္ကူမြို့၊ မြို့မရဲစခန်း(ပ)၃၇၁/၂၀၁၉၊
သစ်တောဥပဒေပုဒ်မ ၄၂(က) အရ လည်းကောင်း၊ ဆက်လက်၍ ရှောင်တခင်စစ်ဆေးရေးအဖွဲ့မှ ပခုက္ကူ-ရေစကြို
ကားလမ်း၊ ပခုက္ကူမြို့နယ်၊ စို့တွင်းကျေးရွာအနီး၌ ရေစကြိုမြို့ဘက်မှ ပခုက္ကူမြို့ဘက်သို့
မောင်းနှင်လာသော ပေါက်မြို့နယ်၊ အောင်တံခွန်ရပ်ကွက်နေ ၀င်းမြင့်၊ ၄၆ နှစ်၏ MDY
7N/3473 Hiace ခဲရောင် မှန်လုံယာဉ်ပေါ်မှ တရားမ၀င်ပိတောက်ခွဲသား(၁၃)ချောင်း၊
၁.၉၄၉၆ တန်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့်
ပခုက္ကူမြို့၊ မြို့မရဲစခန်း(ပ)၃၇၂/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က) အရ လည်းကောင်း
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Friday, February 1, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment