Thursday, January 31, 2019


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၀ နာရီခွဲခန့်အထိ ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲကင်းစခန်းမှူး ရဲအုပ် မင်းမင်းကျော် ဦးစီးတပ်ဖွဲ့ဝင်များသည် ချောင်းနက်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွန်း၊ ချောင်းနက်ကျေးရွာ အရန်မီးသတ်တပ်စုမှူး ဦးချစ်ဌေး တို့ပါဝင်သော ပူးပေါင်း အဖွဲ့တို့နှင့် အတူ ချောင်းနက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရွာသူ/ရွာသား(၅၀)ဦးခန့်တို့အား သက်ငယ် မုဒိမ်းမှုများ လျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး၊ မှုခင်းလျော့နည်း ကျ ဆင်းရေး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီခန့်မှ ၂ နာရီခွဲခန့်ထိ ထီးလင်း မြို့နယ်၊ ရေမျက်နီရဲကင်းစခန်းမှ ဒုရဲအုပ် ခိုင်ဇော် ဦးစီးတပ်ဖွဲ့ဝင်များသည် ရေမျက်နီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းထွဋ်နှင့်အတူ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရွာသူ/သား(၁၀၀)ဦးခန့်တို့အား သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video