မကွေး၊
ဇန်န၀ါရီလ ၃၀ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့
ညနေ ၃ နာရီခန့်မှ ၄ နာရီခန့်အထိ မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်ဇော် ဦးစီး၍ ´´ရဲဇာနည် ခန်းမ``၌ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလအတွက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာ
ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊
ရဲမှူး(ဦးစီး)၊ ရဲမှူး(မှုခင်းမှတ်တမ်း)၊ ဒုရဲမှူး (ဦးစီး)၊ ဒုရဲမှူး(ရေး/ထောက်)၊ အရာရှိ၊
အခြားအဆင့်၊ စာရေးဝန်ထမ်း(၁၃၅)ဦး၊ မိသားစုဝင် (၄၁)ဦး၊ စုစုပေါင်း(၁၇၆)ဦးတို့အား
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်း ပတ်ဝန်းကျင်
အမြဲသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရန်၊ မိမိတို့ တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေး
ဆောင်ရွက်ထားကြရန်နှင့် မိသားစုများ စည်းလုံးညီညွတ်စွာနေထိုင် သွားရန်နှင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် များမဖြစ်စေရန် စသည်တို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဦး/ရေး/ထောက်ဌာနစိတ်များနှင့် ရဲအကူတပ်ဖွဲ့ခွဲတို့မှ
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလအတွက် တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဦးစီးဌာနစိတ်များ၏
အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရေးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း (၁)ဦးတို့အား ဆုချီးမြှင့်ခြင်း၊
ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ထောက် ဌာနစိတ်များ၏အကောင်းဆုံး ၀န်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏
အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အား ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment