မကွေး၊
ဇန်န၀ါရီလ ၃၀ ရက်
၂၀၁၉
ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှစ၍ မင်းလှမြို့နယ်၊ ရေနံမနယ်မြေ
စခန်းအပိုင် နယ်မြေအတွင်း မွတ်စလင်လူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ
အဖွဲ့များ အသီးသီးခွဲ၍ ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ
ဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀
ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ဈေးကြီးကျေးရွာအ၀င်လမ်း တောင်ဘက်(၂)ဖာလုံခန့်အကွာ
ဝါးတော ထဲတွင် မသင်္ကာလူစိမ်းများ ဖြတ်သန်းထွက်ပြေးသွားသည်ကို ရဲအုပ် မျိုးမင်းထွန်း
ဦးစီးအဖွဲ့မှ တွေ့ရှိရသဖြင့် ဈေးကြီးကျေးရွာနှင့်
မြောက်မျှားကုန်းကျေးရွာများမှ နယ်မြေကျွမ်းကျင်သူ လူငယ်(၁၅)ဦးခန့်တို့နှင့်အတူ
တောနင်း၍ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ နေ့လည် ၂ နာရီခွဲခန့်တွင် မြောက်မျှားကုန်းကျေးရွာ၏
အနောက်ဘက်(၁)မိုင်ခန့်အကွာ၊ ၀ါတောထဲတွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊
ဆပ်ကျာကျေးရွာအုပ်စု၊ ဟာရပိုင်ကျေးရွာနေ အမိဟူဆွင် (ခ)လှကျော်ပါ အထောက်အထားမဲ့ ခိုးဝင်
မွတ်စလင်လူမျိုး(၅)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်လ၀ကနှင့်ပူးပေါင်း စစ်ဆေးပြီး
မှတ်ပုံတင်အက် ဥပဒေအရ အရေးယူဆောင်ရွက် သွားရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment