မကွေး၊ ဖေဖေါ်ဝါရီလ ၁ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီ နံနက် ၁၂ နာရီခန့်ထိ ဂန့်ဂေါမြို့နယ်၊ အမှတ်(၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ ပုံညာခန်းမတွင် ဂန့်ဂေါခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်းမှ ကြီးမှူးကျင်းပသော မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဂန့်ဂေါခရိုင်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးခင်မောင်လှိုင် ပါ(၁၂)ဦး၊ ဂန့်ဂေါ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး စိုးမိုးကျော် ဦးစီးအဖွဲ့၊ ဂန့်ဂေါ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလင်း၊ ဂန့်ဂေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်စန်းစန်းဝင်းနှင့်အဖွဲ့၊ အထက်တန်း ကျောင်းအုပ် ဆရာကြီး ဦးရာထွန်းပါ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်း(၂၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဂန့်ဂေါ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့် အမှာစကား ပြောကြားခြင်း၊ မြို့နယ် ပညာရေးမှူးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သောအရာများအကြောင်း ရှင်းလင်း ပြောကြား ခြင်း၊ ဂန့်ဂေါခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌမှ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သတ်သည့် ဆိုးရွားမှုများ ရှင်းလင်းပြောကြား ခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာအကြောင်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခြင်း၊ မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်း၊ ဂန့်ဂေါမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမကြီး ဒေါ်စန်းစန်းဝင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အဖွဲ့ဝင် ဦးတင်ငွေ တို့မှ ကျောင်းသား/သူ များအား မူးယစ်ဆေးဝါးများသုံးစွဲ၍ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment