Tuesday, February 19, 2019

မကွေးမြို့၊ ဖေဖော်ဝါရီလ ၁၉ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် မန်းရွှေစက်တော်ဘုရားပွဲတော် အောက်သောင်လုံခြုံရေး ရဲကင်းမှူး ဒုရဲအုပ် မျိုးသက်ထွန်းနှင့်အဖွဲ့သည် မန်းရွှေစက်တော်ဘုရား ပွဲတော် ၀င်းအတွင်း လေယာဉ်ကွင်းထိပ်ရှိ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်နေ ခင်မောင်ညွန့်၊ ၅၅ နှစ်၏ "ခိုင်သဇင်" စားသောက်ဆိုင်တွင် အရက်/ဘီယာများ တရားမ၀င် လိုင်စင်မဲ့ရောင်းချနေကြောင်း သတင်းအရ သက်သေ များနှင့်အတူ ၀င်ရောက်ရှာဖွေရာ Grand Royal အပြာပုလင်းပြား (၂၆)ပြား၊ Grand Royal Smooth ပုလင်း ပြား(၁၁)ပြား၊ Yoma ဘီယာဗူးအရှည်(အ၀ါ) (၁)ဗူး၊ Dagon ဘီယာဗူးတို(အစိမ်း)(၂)ဗူး၊ စုစုပေါင်းတန်ဖိုး (၈၆၁၀၀ိ/-)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း(ပ)၂၄/၂၀၁၉၊ ယစ်မျိုး ဥပဒေပုဒ်မ ၃၀(က) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video