Tuesday, February 19, 2019

မကွေး၊ ဖေဖေါ်ဝါရီလ ၁၉ ရက်
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခန့်အထိ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ 3H/3726 UD Counter မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်စိုး ဦးစီးတပ်ဖွဲ့ဝင်များသည် သရက်မြို့၊ မြို့မဈေးအနီး လမ်းမတော်လမ်းဆုံတွင် မူးယစ်ဆေးဝါးများ အကြောင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ရာ ဈေးသူ/ ဈေးသားများ၊ ရပ်ကွက်နေပြည်သူများမှ လေ့လာကြည့်ရှုခဲ့ကြပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ် ခဲ့ပါသည်။
ထို့နောက် နံနက် ၁၀ နာရီခွဲခန့်မှ ၁၀ နာရီခွဲခန့်ထိ သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ သုန္နဒီဘော်ဒါရှေ့တွင် သရက်မြို့မရဲစခန်းမှူး ဒုရဲမှူး ရန်နိုင်ထွန်းမှ လူကုန်ကူးမှု ပပျောက် ရေး အကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေပြည်သူများ လာရောက် ကြည့်ရှုခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ထို့နောက် နံနက် ၁၀ နာရီခွဲခန့်မှ ၁၁ နာရီထိ သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ နတ်စင်လမ်း၊ မဟာ ဘော်ဒါရှေ့တွင် သရက်မြို့မရဲစခန်းမှ ဒုရဲအုပ် သူရအောင်မှ မှုခင်းကျဆင်းရေး အသိ ပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်နေ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြပြီး ပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။







0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video