မကွေး၊
ဇန်န၀ါရီလ ၁၅ ရက်
၂၀၁၉
ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီအထိ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး မြင့်ဖေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်၊ မြို့မရဲစခန်းမှူး
ဒုရဲမှူး ဆန်းဦး၊ မြို့နယ် ကျေးလက်လမ်း ဦးစီးဌာနမှ အင်ဂျင်နီယာ ဒေါ်အေးအေးခိုင်၊
မြို့နယ်လမ်းဦးစီးဌာနမှ အရာရှိ ဒေါ်တင်တင်ငြိမ်း၊ မြို့နယ် လူဝင်မှု
ကြီးကြပ်ရေးဦးစီးဌာနမှ ဦးမျိုးမြင့်သူ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဒုဦးစီးမှူး
ဒေါ်သက်ခိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး တင့်လွင်ဦး၊ မြို့နယ် မော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီဥက္ကဌ
ဦးကျော်ကျော်ဟန်၊ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ် ရေးမှူးများ စုစုပေါင်းအင်အား(၇၅)ဦးခန့်တို့သည်
ရေစကြိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဂူကြီး ဘုရားလမ်းဆုံတွင် ဖြတ်သန်းသွားလာသော
ယာဉ်များအား ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး
ယာဉ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင် များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment