Tuesday, January 15, 2019


မကွေး၊ ဇန်န၀ါရီလ ၁၄ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ လောင်းကစားသတင်းအရ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်၊ သစ်ချိုကုန်းရပ်ကွက်လမ်းကြားတွင် စောင့်ဆိုင်းနေစဉ် လမ်းလျှောက်လာသူ မင်းဘူးမြို့၊ အမှတ် (၄)ရပ်ကွက်နေ မမြင့်မြင့်ထွေး၊ ၄၀ နှစ်အား ရပ်တန့်စစ်ဆေးရာ ၄င်း၏ ဂျိုင်းကြားတွင် ညှပ်ယူလာသည့် ပိုက်ဆံအိတ်အတွင်းမှ နှစ်လုံးထီ/ချဲထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ် ပစ္စည်းများနှင့် လောင်းကြေးငွေ(၉၁၅၀၀ိ/-)တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် မမြင့်မြင့်ထွေးအား မင်းဘူးမြို့၊ မြို့မရဲစခန်း(ပ)၈၉/၂၀၁၉၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။









0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video