Monday, January 14, 2019


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ နေ့လည် ၁ နာရီခွဲမှ ညနေ ၄ နာရီခွဲခန့်အထိ  မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှ မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင် ဦးစီးတပ်ဖွဲ့ဝင်များ၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဇာဇာငြိမ်း၊ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင် ဒေါ်သန်းသန်းဦး၊ ကညင်းကြီးကျေးရွာ၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်မင်းတို့နှင့်အတူ ပူးပေါင်း၍ မင်းလှမြို့၊ ကညင်းကြီးကျေးရွာ၊ ဒဟတ်ပင်ရေနံမြေရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းတွင် ကျေးရွာသူ /ကျေးရွာသား(၁၀၀)ဦးခန့်တို့နှင့် တွေ့ဆုံ၍ ဒုရဲမှူး သန်းလှိုင်မှ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်း ပညာပေးဟောပြော ခြင်း၊ မှုခင်းကျဆင်းရေးပညာပေး ဟောပြောခြင်း၊ ဒေါ်ဇာဇာငြိမ်းမှ စာဖတ်ခြင်းဖြင့် ရရှိသည့် အကျိုး ကျေးဇူးများအား ရှင်းလင်းပြောကြားခြင်း၊ ဒေါ်သန်းသန်းဦးမှ အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပညာပေးဟောပြောခြင်းများ ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video