Monday, January 14, 2019

၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် အေးနိုင်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့ပေါ်တွင်း ခိုး၊ ဆိုး၊ နှိုက် သတင်းများ စုံစမ်းနေစဉ် မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့်ရှိ "သဘာဝ" လက်ဘက်ရည်ဆိုင်အနီးတွင် လူငယ်တစ်ဦးသည် ၁၀ယ/၄၂၁၈၃ Loujia 110 အနက် ရောင်ဆိုင်ကယ်(၁)စီးအား ကာလတန်ဖိုးထက် လျော့၍ ရောင်းချနေသည်ကို တွေ့ရှိရသဖြင့် မေးမြန်းရာ ကြို့ပင်ကောက်မြို့၊ ဇီးတောကျေးရွာနေ ကျော်မင်းဦး(ခ)မင်းခန့်၊ ၂၄ နှစ် ဖြစ်ပြီး  ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိဘဲ နေအိမ်အဆောက်အဦတစ်ခုခုအတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေးသိရှိရ၍ ကျော်မင်းဦး(ခ)မင်းခန့်အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၁၆/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video