Monday, January 14, 2019


၂၀၁၉ ဇန်န၀ါရီလ ၁၃ ရက်နေ့ နံနက် ၁ နာရီခွဲခန့်တွင် ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် နှင့်အဖွဲ့၊ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်သန်းနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ကုသိန္နာရုံလမ်း ထောင့် အရောက်တွင် လူငယ်(၃)ဦးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် မေးမြန်းရာ ပခုက္ကူမြို့၊ အမှတ် (၈)ရပ်ကွက်၊ မြတိုက်ကျောင်းဝင်းနေ ကျော်စိုးနိုင်(ခ)ဖက်တီး၊ ၁၉ နှစ်၊ အမှတ်(၈)ရပ်ကွက်၊ စိတ္တသုခ လမ်းနေ ဇေယျာဖြိုး (ခ)၀ဲကျော်၊ ၁၈ နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မျိုးအောင်(ခ)ဆံရှည်၊ ၃၀ နှစ်၊ တို့ဖြစ်ပြီး ကျော်စိုးနိုင်(ခ) ဖက်တီး ကိုင်ဆောင်ထားသော MI ပန်းရောင်ဟန်းဆက်(၁)လုံးနှင့် ဇေယျာဖြိုး(ခ)၀ဲကျော် ကိုင်ဆောင်ထား သည့် နံပါတ်ပါ Samsung Galaxy J5 အနက်ရောင် ဟန်းဆက်(၁)လုံးတို့နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသ နိုင်ခြင်းမရှိသည့်အပြင် နေအိမ်အဆောက်အဦတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ် စစ်ဆေးသိရှိရသဖြင့် ကျော်စိုးနိုင်(ခ)ဖက်တီးပါ (၃)ဦးတို့အား ပခုက္ကူမြို့၊ မြို့မရဲစခန်း (ပ)၁၁၀/၂၀၁၉၊  ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video