Wednesday, January 16, 2019

 ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ပခုက္ကူခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ရဲအုပ် အောင်သန်းနှင့်အဖွဲ့၊ ရေစကြိုမြို့မရဲစခန်းမှ ဒုရဲအုပ် ဇင်မာဖြိုး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၁/၂၀၁၉ ဖြင့် ပခုက္ကူမြို့နယ်၊ ရွှေလှံကျေးရွာနေ မစိုးမြတ်သူသူ၊ ၃၅ နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ မစိုးမြတ်သူသူ အား နေအိမ်ရှေ့တွင် တွေ့ရှိရပြီး အဖီအောက် စားပွဲအံဆွဲအတွင်း၊ နေအိမ်အိပ်ခန်းအတွင်းနှင့် နေအိမ် ခေါင်မိုးပေါ်တို့မှ နှစ်လုံး/ သုံးလုံးထီ လောင်းကစားရာတွင်အသုံးပြုသော ဗလာစာအုပ်(၁)အုပ်၊ ကဒ်ထူစာရွက်(၂)ရွက်၊ ဘောလ်ပင် (၂)ချောင်း၊ ဆင်းကဒ်ပါ HUAWEI Tablet ဖုန်း(၁)လုံး၊ MSI လက်တော့ပ်(၁)လုံး၊ A4 TECH ကီးဘုတ် (၁)ခု၊ လောင်းကြေးငွေစက္ကူရောရာ(၄၅၃၅၅၀)ကျပ် တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မစိုးမြတ်သူသူ အား ရေစကြိုမြို့၊ မြို့မရဲစခန်း(ပ)၃၇/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အရေးယူေ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video