Saturday, January 19, 2019

မကွေး၊ ဇန်န၀ါရီလ ၁၈ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲမှ နေ့လည် ၁၂ နာရီအချိန်အထိ စလင်း မြို့နယ်၊ တောစိမ့် ကျေးရွာအုပ်စုရှိ အမှတ်(၂၅၃)ခြေလျင်တပ်ရင်းအနီး (တပ်တွင်း)အခြေခံပညာ အထက်တန်းကျောင်းတွင် စလင်း မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဇော် ဦးစီးတပ်ဖွဲ့ဝင်များသည် မှုခင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးသန်းမြိုင်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၆၇၀)ဦး ခန့်တို့ တက်ရောက်ခဲ့ပြီး ဥပဒေရေးရာ အကြောင်းအရာများနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်း ပြောကြား ခြင်း၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။






0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video