မကွေး၊
ဇန်န၀ါရီလ ၁၉ ရက်
၂၀၁၉
ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် မွတ်စလင်များ အထောက်အထားမဲ့ဝင်ရောက်လာကြာင်း
သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊
သရက်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊
ရေနံမနယ်မြေရဲစခန်းမှူး ဦးစီး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍
ပိတ်ဆို့ရှာဖွေဆောင်ရွက်လျက်ရှိရာ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၄ နာရီခန့်တွင်
ဘန့်ပြင် ကျေးရွာ လမ်းပေါက်အနီး မသင်္ကာဖွယ် မော်တော်ယာဉ်(၂)စီးမှာ ၀င်လာပြီး
ချက်ချင်း ပြန်ထွက်သွားသဖြင့် နောက်မှ ထပ်ချပ်လိုက်ပါပြီး
အလယ်ချောင်းနယ်မြေရဲစခန်းမှူး အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ
မော်တော်ယာဉ်(၂)စီးသည် နံနက် ၅ နာရီခွဲတွင် ကန်လည်တံတားထိပ်တွင် အလယ်ချောင်း နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့အား
တွေ့ရှိရာ နောက်ကြောင်းပြန်လှည့်မောင်းနှင်သွားခဲ့သဖြင့် နောက်မှ လိုက်လာသော
ရဲတပ်ဖွဲ့ဝင်များနှင့် အလယ်ချောင်းကျေးရွာအနီး သရက်-မင်းတုန်းကားလမ်း၊
မိုင်တိုင် အမှတ်(၂၅/၆)တွင် AYY EE/6318 Probox ခဲရောင်မော်တော်ယာဉ်နှင့် MDY
2P/3238 CARAVAN ခဲရောင်မော်တော်ယာဉ်တို့အား တွေ့ရှိရပ်တန့် စစ်ဆေးခဲ့ပါသည်။
ယာဉ်ပေါ်ပါသူ သန်းဌေးပါ(၄)ဦး၏ ထွက်ဆိုချက်အရ ထောက်အထားမဲ့မွတ်စလင်
မောင်မောင်သန်း ပါ ကျား(၁၃)ဦး၊ မ(၂)ဦး၊ ပေါင်း(၁၅)ဦးအား မင်းတုန်းမြို့နယ်၊ အလယ်ချောင်းနယ်မြေရဲစခန်း၏
အနောက်ဘက် (၁)မိုင်ခွဲခန့်ရှိ သရက်-မင်းတုန်းကားလမ်း၊ မိုင်တိုင်အမှတ်(၂၇/၂)အနီး လမ်းဘေးလျှိုထဲတွင် ၀ှက်ထားခဲ့ကြောင်း သိရှိရသဖြင့် နံနက် ၇ နာရီအချိန် ၀င်ရောက်ရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment