Thursday, January 31, 2019


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၀ နာရီခွဲခန့်အထိ ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲကင်းစခန်းမှူး ရဲအုပ် မင်းမင်းကျော် ဦးစီးတပ်ဖွဲ့ဝင်များသည် ချောင်းနက်ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွန်း၊ ချောင်းနက်ကျေးရွာ အရန်မီးသတ်တပ်စုမှူး ဦးချစ်ဌေး တို့ပါဝင်သော ပူးပေါင်း အဖွဲ့တို့နှင့် အတူ ချောင်းနက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရွာသူ/ရွာသား(၅၀)ဦးခန့်တို့အား သက်ငယ် မုဒိမ်းမှုများ လျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး၊ မှုခင်းလျော့နည်း ကျ ဆင်းရေး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီခန့်မှ ၂ နာရီခွဲခန့်ထိ ထီးလင်း မြို့နယ်၊ ရေမျက်နီရဲကင်းစခန်းမှ ဒုရဲအုပ် ခိုင်ဇော် ဦးစီးတပ်ဖွဲ့ဝင်များသည် ရေမျက်နီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းထွဋ်နှင့်အတူ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရွာသူ/သား(၁၀၀)ဦးခန့်တို့အား သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။




Wednesday, January 30, 2019


မကွေး၊ ဇန်န၀ါရီလ ၃၀ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်မှ ၄ နာရီခန့်အထိ မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီဥက္ကဌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော် ဦးစီး၍ ´´ရဲဇာနည် ခန်းမ``၌ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလအတွက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ရာ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊ ရဲမှူး(ဦးစီး)၊ ရဲမှူး(မှုခင်းမှတ်တမ်း)၊ ဒုရဲမှူး (ဦးစီး)၊ ဒုရဲမှူး(ရေး/ထောက်)၊ အရာရှိ၊ အခြားအဆင့်၊ စာရေးဝန်ထမ်း(၁၃၅)ဦး၊ မိသားစုဝင် (၄၁)ဦး၊ စုစုပေါင်း(၁၇၆)ဦးတို့အား မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အိမ်ထောင်သည်မိသားစု နေအိမ်လိုင်းခန်း ပတ်ဝန်းကျင် အမြဲသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရန်၊ မိမိတို့ တပိုင်တနိုင်စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားကြရန်နှင့် မိသားစုများ စည်းလုံးညီညွတ်စွာနေထိုင် သွားရန်နှင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် များမဖြစ်စေရန် စသည်တို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဦး/ရေး/ထောက်ဌာနစိတ်များနှင့် ရဲအကူတပ်ဖွဲ့ခွဲတို့မှ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလအတွက် တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ်  မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ဦးစီးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရေးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း (၁)ဦးတို့အား ဆုချီးမြှင့်ခြင်း၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ထောက် ဌာနစိတ်များ၏အကောင်းဆုံး ၀န်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အား ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။






မကွေး၊ ဇန်န၀ါရီလ ၃၀ ရက်
၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှစ၍ မင်းလှမြို့နယ်၊ ရေနံမနယ်မြေ စခန်းအပိုင် နယ်မြေအတွင်း မွတ်စလင်လူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ အဖွဲ့များ အသီးသီးခွဲ၍  ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်နေစဉ် ၂၀၁၉ ခုနှစ်၊  ဇန်န၀ါရီလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ဈေးကြီးကျေးရွာအ၀င်လမ်း တောင်ဘက်(၂)ဖာလုံခန့်အကွာ ၀ါးတော ထဲတွင် မသင်္ကာလူစိမ်းများ ဖြတ်သန်းထွက်ပြေးသွားသည်ကို ရဲအုပ် မျိုးမင်းထွန်း ဦးစီးအဖွဲ့မှ  တွေ့ရှိရသဖြင့် ဈေးကြီးကျေးရွာနှင့် မြောက်မျှားကုန်းကျေးရွာများမှ နယ်မြေကျွမ်းကျင်သူ လူငယ်(၁၅)ဦးခန့်တို့နှင့်အတူ တောနင်း၍ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ နေ့လည် ၂ နာရီခွဲခန့်တွင် မြောက်မျှားကုန်းကျေးရွာ၏ အနောက်ဘက်(၁)မိုင်ခန့်အကွာ၊ ၀ါတောထဲတွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ ဟာရပိုင်ကျေးရွာနေ အမိဟူဆွင် (ခ)လှကျော်ပါ အထောက်အထားမဲ့ ခိုးဝင် မွတ်စလင်လူမျိုး(၅)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်လ၀ကနှင့်ပူးပေါင်း စစ်ဆေးပြီး မှတ်ပုံတင်အက် ဥပဒေအရ အရေးယူဆောင်ရွက် သွားရန် စီစဉ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၉ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ၄ နာရီအချိန်ခန့်အထိ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ သူဌေးကုန်းရပ်ရှိ ရပ်ကွက်ဓမ္မာရုံတွင် မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ၀င်းထိန် ဦးစီးတပ်ဖွဲ့ဝင်များသည် သက်ငယ်မုဒိမ်းမှု၊ ခိုးမှုများ လျော့နည်းကျဆင်းရေး၊ အမှုကြီးများ မဖြစ်ပွားစေ ရေးနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ဟောပြောခြင်း၊ ခိုး/ဆိုး/လု/နှိုက် အမှုများ လျော့နည်း ကျဆင်းရေး အတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ အမှတ်(၄) ရပ်ကွက် ရာအိမ်မှူး ဦးကိုကိုနိုင်နှင့် ရပ်ကွက်သူ/သားများ၊ စုစုပေါင်းအင်အား(၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။






Tuesday, January 29, 2019


၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့်မှ ၁၁ နာရီအချိန်ခန့်အထိ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းမှ ရဲအုပ် ထွန်းအေးမောင် ဦးစီးတပ်ဖွဲ့ဝင်များသည် မွှေ့လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်၊ မွှေ့လယ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ဝင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ အထက်တန်းကျောင်းတွင် သက်ငယ်မုဒိမ်း ကျဆင်းရေး၊ ယာဉ်/လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးနှင့် လူမှောင်ခို၊ လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ၊ စုစုပေါင်းအင်အား(၂၀၀)ကျော်ခန့် တက်ရောက်ခဲ့ ကြောင်း သတင်းရရှိပါသည်။


Find Us on Facebook

Popular Posts

Video