မကွေး၊ ဒီဇင်ဘာလ ၅ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနစိတ်မှ ရဲအုပ် ၀င်းမျိုးသန့် နှင့်အဖွဲ့၊ မကွေးခရိုင်မှုခင်းနှိမ်နင်ရေးဌာနစိတ်မှ ရဲအုပ် အေးမင်းထွန်းနှင့်အဖွဲ့၊ မကွေးမြို့မရဲစခန်းမှ ရဲအုပ် ရွှေဒါင်းနှင့်အဖွဲ့၊ မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် နောင်နောင်စိုးနှင့်အဖွဲ့တို့ ပါဝင် သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မကွေးမြို့၊ ဗိုလ်ချုပ် ပန်းခြံအနီး၌ ၀ပ်ကင်း ဆောင်ရွက်နေစဉ် နံပါတ်မပါ ဒါရမ်း-၁၂၅ ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီးအား လူ(၂)ဦးစီးလာသည်ကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးရာ မကွေးမြို့နယ်၊ သာယာကုန်း ကျေးရွာနေ လင်းလင်း(ခ)၀ဏ္ဏ၊ ၃၄ နှစ် နှင့် တစ်ရွာတည်းနေ ၎င်း၏ ညီဖြစ်သူ ဆန်းထွန်းလင်း(ခ)ရဲထက်၊ ၂၅ နှစ် တို့ဖြစ်ပြီး ဆိုင်ကယ် တူးဘောက် အတွင်းမှ ဆိုင်ကယ်သော့အုံအပျက်(၁)ခုအား တွေ့ရှိ ရသည့် အပြင် ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင် ကြောင်း အထောက်အထား တစ်စုံ တစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိခဲ့သဖြင့် လင်းလင်းနှင့် ဆန်းထွန်းလင်း တို့(၂)ဦးအား ရဲအုပ် အေးမင်းထွန်းမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် မကွေးမြို့၊ မြို့မရဲစခန်း (ပ)၁၄၈၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပါသည်။
အမှုမှ တရားခံ လင်းလင်း(ခ)၀ဏ္ဏ၊ ဆန်းထွန်းလင်း(ခ) ရဲထက် တို့ အား မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဝင်း ဦးစီးအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့ရာ မကွေးမြို့နယ်အတွင်းမှ စုစုပေါင်း ဆိုင်ကယ် (၂၈)စီးအား ခိုးယူရောင်းချထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် လိုက်လံ သိမ်းဆည်းထားရှိပြီး ပိုင်ရှင်များအား လိုက်လံစုံစမ်းကာ တရားခံ များကို ဥပဒေနှင့် အညီ ဆက်လက် အရေးယူသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
0 comments:
Post a Comment