Thursday, December 6, 2018


မကွေး၊ ဒီဇင်ဘာလ ၅ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ တောင်တွင်းကြီးမြို့မရဲစခန်း (ပ) ၄၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုမှ တရားခံ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၂)ရပ်ကွက်နေ မျိုးကိုကို၊ ၁၅ နှစ်၊ တစ်ရွာတည်းနေ ဝေယံစိုး၊ ၁၄ နှစ်နှင့် တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက်နေ ဇော်မင်းထွန်း၊ ၁၄ နှစ် တို့(၃)ဦးအား အခြားခိုးမှုများနှင့်ဆက်စပ်၍ စစ်ဆေးရာ ၎င်းတို့သည် လွန်ခဲ့သော(၆)ရက်ခန့်က ရွှေကြာအင်း(၂)ရပ်ကွက်၊ "တိုး"လက်ဘက်ရည် ဆိုင်အနီးရှိ ဖုန်းဆိုင်(၁) ဆိုင်အတွင်းမှ Sasum အပြာနုရောင် Power Bank (၁)လုံး၊ ခေါင်းမပါ အားသွင်းကြိုး (၂)ချောင်း၊ ခေါင်းပါ အားသွင်းကြိုး (၃)ချောင်း၊ နားကြပ်(၃)ခု၊ Ooredoo ဆင်းကဒ် (၁၀၇)ကဒ်၊ Mytel ဆင်းကဒ် (၁)ကဒ်၊ MPT ဆင်းကဒ်(၂)ကဒ်၊ MI ဖြူနက်ကြားရောင် Power Bank (၁)လုံး၊ ရွှေရောင် Power Bank (၁)လုံး၊ စုစုပေါင်း တန်ဖိုး ၁၅၉၀၀၀ိ/-တို့အားလည်းကောင်း၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ မြို့မဈေးမြောက်ဘက်ရှိ ဖုန်းဆိုင် (၁)ဆိုင် အတွင်းမှ MI ငွေမှင်ရောင်ဖုန်း(၁)လုံး၊ MI အနက်ရောင် ဖုန်း(၁)လုံး(ပစ္စည်းစုံ)၊ Vivo ရွှေမှင်ရောင်ဖုန်း(၁)လုံး၊ XBO ဖုန်းအားသွင်းကြိုး ခေါင်းပါ(၁)ချောင်း၊ Kenbo အနက်ရောင်ဖုန်း(၁)လုံး (ပစ္စည်းစုံ)၊ စုစုပေါင်းတန်ဖိုး ၂၂၆၀၀၀ိ/-တို့အားလည်းကောင်း၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ "တိုး"လက်ဘက် ရည်ဆိုင် အနီးရှိ ဖုန်းဆိုင်(၁)ဆိုင်အတွင်းမှ အားသွင်းကြိုး ခေါင်းမပါ(၉)ချောင်း၊ Glass တံဆိပ်ပါ မှန်ကပ် (၆)ခု၊ အားသွင်းကြိုးခေါင်းမျိုးစုံ(၅)ခု၊ Power Bank (၂)ခု၊ နားကြပ်ကြိုး(၆)ခု၊ စတစ်ကယ်ရီကာ(၄)ခု၊ Huawei တံဆိပ်ပါ အနက်ရောင် ဓါတ်ခဲမပါ၊ နောက်ဖုံးမပါ ဖုန်း(၁)လုံး၊ ကိုဝင်းမြင့် အမည်ပါ Huawei တံဆိပ်ပါ အနက်ရောင် ဖုန်း(၁)လုံး၊ ဆယ်ဖီ တုတ်တံ(၁)ချောင်း၊ Ooredoo ဆင်းကဒ်(၁၁၃)ကဒ်၊ Telenor ဆင်းကဒ်(၁)ကဒ်၊ MPT ဆင်းကဒ် (၂၀)ကဒ်၊ စုစုပေါင်းတန်ဖိုး ၂၇၃၀၀၀ိ/-တို့အား လည်းကောင်း၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ မြို့မဈေး မြောက်ဘက်ရှိ ဖုန်းဆိုင်(၁)ဆိုင်အတွင်းမှ Vivo တံဆိပ်ပါ အဖြူရောင် ဖုန်း(၁)လုံး၊ Kenbo တံဆိပ်ပါ အဖြူရောင်ဖုန်း(၁)လုံး၊ စုစုပေါင်းတန်ဖိုး ၁၁၀၀၀၀ိ/-တို့အား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့ပါသည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ မျိုးကိုကိုပါ(၃)ဦးတို့အား ဒုရဲအုပ် သက်နိုင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၅၉၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၅၉၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း(ပ)၅၉၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ လည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၅၉၅/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့် ၅၄ အရ လည်းကောင်း အမှု(၄)မှု ထပ်မံရေးဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video