Wednesday, December 5, 2018


မကွေး၊ ဒီဇင်ဘာလ ၄ ရက်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့် တောင်တွင်းကြီးမြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ တောင်တွင်းကြီးမြို့မရဲစခန်း (ပ)၄၁၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အမှုမှတရားခံ တောင်တွင်းကြီးမြို့၊   ရွေအိုး(၂)ရပ်ကွက်နေ မျိုးကိုကို၊ ၁၅ နှစ်၊ တစ်ရပ်ကွက် တည်းနေ ဝေယံစိုး၊ ၁၄ နှစ်နှင့် တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်နေ ဇော်မင်းထွန်း တို့(၃)ဦးအား အခြားခိုးမှုများနှင့်ဆက်စပ်၍ စစ်ဆေးရာ ၎င်းတို့သည် လွန်ခဲ့သော(၆) ရက်ခန့်က ရွှေကြာအင်း(၂) ရပ်ကွက်၊ မြို့မဈေးမြောက်ဘက်ရှိ ဖုန်းဆိုင်တစ်ဆိုင်အတွင်းမှ SASUM စာသားပါ စိမ်းနုရောင် ပါဝါဘန့် (၁)လုံး၊ မန်မိုရီကဒ်(၂)ခု၊ HONOR အပြာရောင် ဖုန်း(၁)လုံးတို့နှင့် ရွှေအိုး(၂)ရပ်ကွက်၊ `တိုး´ လက်ဖက်ရည်ဆိုင်အနီးရှိ ဖုန်းဆိုင်တစ်ဆိုင်အတွင်းမှ Hello အနီရောင် ဖုန်း အဟောင်း(၁)လုံး၊ HUAWEI အနက်ရောင်ဖုန်း အဟောင်း(၁)လုံး၊ HUAWEI  နက်/ဖြူရောင် ဖုန်းအဟောင်း(၁)လုံးတို့အား ခိုးယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် မျိုးကိုကိုပါ(၃)ဦးအား ဒုရဲအုပ် သက်နိုင်မှ တရားလိုပြုလုပ်တိုင်တန်း သဖြင့် တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်း(ပ)၅၉၀/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ အရ လည်းကောင်း၊ တောင်တွင်းကြီးမြို့၊ မြို့မရဲစခန်း(ပ) ၅၈၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ အရ လည်းကောင်း ထပ်မံ၍အမှု(၂)မှု ရေးဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video