မကွေး အောက်တိုဘာလ ၈ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင်
အောင်လံမြို့မရဲစခန်းမှ ရဲတပ်ကြပ် မြစိုး ဦးစီးအဖွဲ့၊
သရက်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲတပ်ကြပ်ကြီး ကျော်သူရတို့ ပူးပေါင်းအဖွဲ့သည်
အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး တွင်
ခွင့်မဲ့စစ်သည် တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်မေးခဲ့ရာ
တ ၁၅၃၂၃၁ တသ သိန်းတန်၊ ၃၇ နှစ်၊ ပျဉ်ပုံကျေးရွာ၊ အောင်လံမြို့နယ်နေသူ ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါစစ်သည်မှာ မန္တလေးတိုင်းဒေသကြီး၊
မိတ္ထီလာမြို့နယ်၊ အမှတ်(၁)တပ်မတော်အကြီးစား စက်ရုံမှ ၂၀၀၂ ဇန်န၀ါရီ ၂၅ ရက်နေ့တွင်
ခွင့်မဲ့ပျက်ကွက်ကြော်ငြာထားသော ခွင့်မဲ့စစ်သည်တစ်ဦး ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်
အောင်လံမြို့မရဲစခန်းမှ အမှတ်(၇၁)ခြေလျင်တပ်ရင်းသို့ ပို့ဆောင် အပ်နှံပေးခဲ့ ပါကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment