မကွေး အောက်တိုဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင်
မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ဇေယျာထွန်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူ မင်းဘူး-စကု
ကားလမ်းမပေါ်ရှိ မန်း ရေနံမြေ ဂိတ်ငယ် အနီးတွင် မှုခင်းများကင်းစင်ရက်သတ္တပတ်(မှုခင်းကျဆင်းရေး)
ဆောင်ရွက်နေစဉ် မန်းရေနံမြေ ဂိတ်ငယ် အနီးမှ မောင်းနှင်လာသော ယာဉ်အမှတ် 6K/5343
TRUCK အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ရေနံချောင်းမြို့နယ်၊ ကွန်းထောက်ရပ်ကွက်၊
ညောင်လှဆိပ်သာနေ ၀င်းဇော်လတ်၊ ၃၇ နှစ် မောင်းနှင်ပြီး ရေနံချောင်းမြို့နယ်၊ အေးကုန်းတောင်
ရပ်နေ မသန္တာဝင်း၊ ၄၄ နှစ်နှင့် ရေနံချောင်းမြို့နယ်၊ တိုးချဲ့မြို့သစ်နေ အောင်သန်းဦး၊
၂၆ နှစ်တို့ ယာဉ်နောက်ခန်းတွင် လိုက်ပါစီးနင်းလျက် ယာဉ်နောက် ခန်းတွင် အရှည်အတိုင်းအတာမျိုးစုံ၊
အရွယ် အစားဆိုဒ်မျိုးစုံ သံပိုက်လုံး(၄၆)လုံး၊ ကြိုးရစ်ဘီးလုံး သံထည် (၁၂)လုံး၊ ဒိုးဇာချိန်းဆစ်သံပြား
(၃၀)ပြား၊ သံတိုသံစပစ္စည်းစုံ ပိဿာ(၅၀၀)ခန့်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။
ဝင်းဇော်လတ် ပါ(၃)ဦးတို့မှာ ၎င်းပစ္စည်းများအား
ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိသဖြင့် မင်းဘူမြို့နယ်၊
မြို့မရဲစခန်း (ပ)၁၁၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment