မကွေး အောက်တိုဘာလ ၉ ရက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့
နံနက် ၆ နာရီခန့်တွင် ရေနံချောင်းမြို့နယ်၊ လက်မှတ်ကုန်း နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်
မိုးညိုနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ရေနံချောင်းမြို့၊ လက်မှတ်ကုန်းရပ်၊ မြေနီခင်မြောက်ရပ်ကွက်အတွင်း
နယ်မြေသတင်းစုံစမ်းနေစဉ် ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်တွင် မသင်္ကာဖွယ်ရာ လူတစ်ဦးအား
တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ ကိုဇင်ကိုကို၊ ၂၈ နှစ် လက်မှတ်ကုန်းရပ်၊
ရေနံချောင်းမြို့နယ် နေသူဖြစ်ကြောင်း သိရှိရပြီး ၄င်းသည် အမှတ် (၂၁၆)ခြေမြန်တပ်ရင်း၊
လှည်းကူးမြို့မှ ထွက်ပြေးလာခဲ့သော ခွင့်မဲ့စစ်သည် ကိုယ်ပိုင်အမှတ် တ ၅၄၁၉၂၈ တသ
ဇင်ကိုကို ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ ခွင့်မဲ့စစ်သည်မှာ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလတွင် တပ်မတော်သို့
ဝင်ရောက်ခဲ့ကာ တောင်တွင်းကြီးမြို့၊ အမှတ်(၇)လေ့ကျင့်ရေးသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ပြီး
သင်တန်း ဆင်းသောအခါ အမှတ်(၂၁၆)ခြေမြန်တပ်ရင်း လှည့်ကူးမြို့တွင် တာဝန်ထမ်းဆောင် ခဲ့ကြောင်းနှင့်
တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၈ သြဂုတ်လ ၁၅ ရက်နေ့က တပ်မှထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အဆိုပါခွင့်မဲ့စစ်သည်အား မိခင်တပ်ရင်းသို့ လွှဲပြောင်းအပ်နှံ ပေးခဲ့ပါကြောင်း
သတင်းရရှိပါသည်။
0 comments:
Post a Comment